Friday, August 23, 2013

Need & Want

ဇာတ်သိမ်းပိုင်းသိထားတဲ့
ရုပ်ရှင်တစ်ကားလို့
ငိုမဲ့မဲ့ အသံထွက် ပန်းချီကားတစ်ခု
ငါ့ နှလုံးသားပေါ်
ငါ ပြန်ဆွဲမိချိန် ...
နိဂုံအချို့ အတွက် ပျောက်နေတဲ့
နင့် ရဲ့  စကားလုံးတွေအစား
ငါ့ရင်ခွင်ကို ငါစတေးမယ် ....
ဟိုး အရင်အတိတ်တွေထဲ
နင် ပြန်လျှောက်ချိန်
အနာဂတ်မဲ့လူသားတစ်ယောက်က
နင်သိမ်းထားတဲ့ အရုပ်လောက်
တန်ဖိုးမရှိခဲ့မှန်းသိခဲ့ပြီ
ကစားကွင်းတစ်ခုအဖြစ်ရှိခဲ့တဲ့
ငါ့ရင်ခွင်က
နင့်အတွက်တော့
အဓိပ္ပာယ်မဲ့လောက်ရောပေါ့
လိုချင်တာရစေလို့ ဆုတောင်းပေးရင်း
စိတ်အပန်းဖြေဖို့ လိုအပ်ခဲ့တဲ့ ရင်ခွင်တစ်စုံ
အရောင်မှိန်စပြုနေပြီလေ 

Wednesday, August 21, 2013

ငါ့ အကြောင်း ၁

မနက်မိုးလင်းရင် လုပ်စရာကိစ္စရှိမှ ထတယ် မဟုတ်ရင် နေဖင်ထိုးတဲ့အထိ အိပ်နေတယ်
 နိုးတာနဲ့ ၀တ္ထုစာအုပ်ရှိရင်လည်း ဖတ်တယ် မရှိရင် လုပ်စရာရှိတာလုပ်တယ်
  မုန့်စားချင်စားတယ် မဟုတ်ရင်  ကွန်ပျူတာ ဖွင့်ပြီး စာဖတ်တယ်
အိမ်သန့်ရှင်းလုပ်ချင်မှလုပ်တယ် လုပ်ရင်လည်း အစအဆုံးပဲ
နေပူရင် အပြင်ကိုတော်ရုံမထွက်ဘူး
မိုးရွာရင် အိမ်မှာနေရတာ ပိုကြိုက်တယ်
မိုးရေချိုးရတာကြိုက်ပေမယ့် မိုးခြိမ်းသံကို ကြောက်တယ်
မိုးသံတဖြောက်ဖြောက်ကို ငြိမ်ပြီး နားထောင်ရတာကြိုက်တယ်
မိုးအေးအေးမှာ အိမ်မှာ စာအုပ်တအုပ်နဲ့ နေရတာ ကြိုက်တယ်
ဆောင်းရာသီဆိုတော်တော်နဲ့ မထချင်ဘူး ကွေးနေချင်တာ
သီချင်းပေါင်းစုံနားထောင်တယ် ဆူဆူညံညံတွေတော့ သိပ်မကြိုက်ဘူးပေါ့
ညဆို သီချင်းခပ်တိုးတိုးလေးဖွင့်ပြီး အိပ်ပျော်သွားရတာ ကြိုက်တယ်

Monday, August 19, 2013

About me (1)

မနက်မိုးလင်းရင် ကြည်ကြည်သာသာနှိုးမှကောင်းကောင်းထတတ်တယ်
နိုးတာနဲ့ ဖုန်းလိုက်ရှာပြီး စစ်တယ် ဖေ့ဘုတ်သုံးတယ်
(ဝတ္ထုစာအုပ်ရှိရင်လည်း ဖတ်တယ်)
ပြီးမှမျက်နှာသစ်တယ် မုန့်စားချင်စားတယ် မစားချင်မစားဘူး
ဟင်းဆိုရင် ကြိုက်ရင်စားတယ် မကြိုက်ရင်ဝယ်စားတယ် မဟုတ်ရင် ဗိုက်မှောက်နေတယ်
အိမ်သန့်ရှင်းလုပ်ချင်မှလုပ်တယ် လုပ်ရင်လည်း အစအဆုံးပဲ
နေပူရင် အပြင်ကိုတော်ရုံမထွက်ဘူး
မိုးရွာရင် အိမ်မှာနေရတာ ပိုကြိုက်တယ်
မိုးရေချိုးရတာကြိုက်ပေမယ့် မိုးခြိမ်းသံကို ကြောက်တယ်
မိုးသံတဖြောက်ဖြောက်ကို ငြိမ်ပြီး နားထောင်ရတာကြိုက်တယ်
မိုးအေးအေးမှာ အိမ်မှာ အိုဗာတင်းတခွက်နဲ့ စာအုပ်တအုပ်နဲ့ နေရတာ ကြိုက်တယ်
ဆောင်းရာသီဆိုတော်တော်နဲ့ မထချင်ဘူး ကွေးနေချင်တာ
သီချင်းပေါင်းစုံနားထောင်တယ် ဆူဆူညံညံတွေတော့ သိပ်မကြိုက်ဘူးပေါ့
ညဆို သီချင်းခပ်တိုးတိုးလေးဖွင့်ပြီး အိပ်ပျော်သွားရတာ ကြိုက်တယ်

Sunday, August 18, 2013

Can?

Can u hold my hand forever?
Can u be mine and only mine forever?
Can u stay beside me forever?
.
.
.
.
.
.
.
.
.
.
.
.
Can u pls don't be too dumb?? Can or not?

Friday, August 16, 2013

XD

ချစ်ဆုံးရယ် ငါနင့်ကိုမရက်စက်ပါဘူး
ငါမပြောသင့်မှန်းသိပါတယ်
ငါနင့်ကိုဆို ဘယ်တုန်းက ဖုံးကွယ်ထားတတ်လို့လဲ
အဲ့ဒါကြောင့်ပါဟာ
မနေ့က ချစ်ဆုံးစိတ်ညစ်နေမှန်းသိပါတယ်
နင်အဲ့လိုချည်းဖြစ်တော့ ငါလည်းစိတ်ညစ်တာပေါ့
နောက်ဆို သူ့အကြောင်းမပြောတော့ဘူးနော်
ချစ်ဆုံးခေါ်တဲ့ အဲ့အနာဂတ်ဆိုတာချည်းဆီပဲလိုက်မယ်နော်
ကတိ ကတိ :)

အလှပြကဗျာ

အတိတ်တွေကို မျှော်တွေးတက်သူ တစ်ယောက်အဖို့
မီးမှိတ်ခဲ့တဲ့ အတိတ်တွေက
စိတ္တဇဆန်ဆန် ခြောက်ခြားရင်း
မီးမှောင်စေခဲ့သူကို
မုန်းတီးလောက်ပါရဲ့ ...
ပျော်ရွှင်စရာအနာဂတ်တွေအတွက်ပြင်ဆင်
တာထွက်ကောင်းဖို့ကြိုးစားပြေးရင်း
ခြေခေါက်ခဲ့သလို
ငါ့ အိမ်မက်တွေက
သစ်ရွက်ခြောက်တွေကြားပျောက်ရှခဲ့ပြီ...
ထားပါတော့
ကြာရင်မေ့မယ် ယေဘုယျဆန်ဆန်အတွေးတွေထဲ
နင်နာမည်ကို ငါ သုံးမိချိန်
ကာရန်မပါတဲ့ ခံစားချက်တွေ
နှလုံးသွေးပွတ်မတက် ခံစားရင်း
နှလုံးသွေးစက်တွေက
နင် ...
အပျော်ဖတ်ကဗျာတွေအဖြစ်
အလှပြယုံသက်သက် တည်ရှိနေမယ် ။

တောင်းဆု (၁)

လေညှင်းတသိုက်ဖြတ်ပြေးရင်း
တို့ထိကစားသွားတဲ့ ဆံနွယ်ရှည်ရယ်
လမင်းတောင် တိတ်တခိုး
နမ်းရှိုက်ခဲ့တဲ့ ပန်းနုရောင်ပါးဖောင်းဖောင်းလေးရယ်
အာရုံဦးနှီုးသစ်စ ငှက်ကလေးရဲ့
အသံထက် သာယာတဲ့ဆည်းလည်းသံရယ်
အရာရာပိုင်ဆိုင်သူ ...
ငါ ချစ်ခခြင်း မေတ္တာတွေနဲ့
ကြိုချက်တဲ့ ဆန်ပြုတ် တစ်ပန်ကန်လောက်
နင့်အနားလာတိုက်ချင်တယ် ...
ရေ ၊ မြေ ဆိုတဲ့ ခြားနားခြင်းတွေက
ငါတို့ရင်ဘတ်တွေကို မဝေးစေရဘူး
ချစ်သူ ...
နင် နေမကောင်းတိုင်း
နင်အနားရှိနေတယ်လို့ တွေးလို့
ငါ ခွံ့ကျွေးတဲ့ ဆန်ပြုတ်
နင် ....
နွေးထွေးစွာ ခံစားရစေသား ...